Wednesday, September 18, 2013

“မေတ္တာဆိုသည်မှာ” အောင်ကောင်းမွန်(လားရှိုး)

ဖေဖေါ်ဝါရီလ(၁၄)ရက် ဆိုသည့် ပျော်ရွှင်ဖွယ်နေ့တစ်နေ့သည် မသိမသာနှင့် (၂၀၁၂)အတွက် ရောက်ရှိလို့ လာခဲ့ပြန်ပြီဖြစ်၏။ ကျွန်တော်ကတော့ ဖေဖေါ်ဝါရီလ(၁၁)ရက်မှာ အသက် (၃၆)နှစ် ပြည့်ခဲ့ပြီမို့ ဖေဖေါ်ဝါရီတစ်လလုံး ဘာသာရေးကိစ္စတွေနဲ့ ကျွန်တော့်ဟောခန်းကိစ္စကလွဲပြီး အလုပ်တွေကိုခေတ္တ လျှော့နိုင်သလောက်လျှော့ပြီး ကော့(စ်)မစ်အားတွေပြည့်နေတော့ အခုတလော စာတွေလည်းသိပ်မရေး ဖြစ်ဘူး ဖြစ်နေတယ်။ အခုတော့ Velentine's day အတွက် စာမူအဖြစ်က သီးသန့်ရေးထားတာကမရှိ ဖြစ်နေ တော့ စဉ်းစားရပါတယ်။ ကျွန်တော်က ဗီဒီယိုရိုက်ကူးရေးနဲ့ပတ်သက်ပြီး ဇာတ်ကားအရေအတွက်များများ ရိုက်ဖို့အစီအစဉ်မရှိပါသော်လည်း TV ဇာတ်လမ်း အကျိုးပြုတွေ၊

သာသနာပြု ဘာသာရေးဇာတ်လမ်းတွေ၊ ကာရာအိုကေတွေတော့ အဆင်ပြေရင်ပြေသလို အချိန်ပေးပြီး ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ဖြစ်နေပါ တယ်။ (၂၀၁၁)ထဲမှာ မူးယစ်နဲ့ပတ်သက်ပြီး လူမှုရေးဝန်ဆောင်အဖွဲ့တစ်ခုဖြစ်တဲ့ AHRM မှ မြန်မာပြည် Project တွေကို ဦးစီးလုပ်ဆောင်နေသူ ဦးလှိုင်မင်းဦးနဲ့ တွေ့ပြီး မူးယစ်တိုက်ဖျက်ရေး video ဇာတ်လမ်း တစ်ခုရိုက်ဖို့ အကြမ်းဖျင်း ပြောဖြစ်ကြတယ်။ အဲဒါနဲ့ (၈)လပိုင်း ကုန်ခါနီး ကျွန်တော လက်ရှိ မူးယစ်ဆေး လောကကို လေ့လာကြည့်ပြီး ဇာတ်တစ်ပုဒ်ရေးလိုက်ပါတယ်။ ဇာတ်ညွှန်းစကားပြောမထည့် ရသေးတဲ့ ဇာတ်လမ်းအကျဉ်းချုပ်ကို AHRMမှ (.....) ကိုg-mail မှ ပေးပို့ခဲ့ပါတယ်။ ဒါပေမဲ့လို့ ကျွန်တော့်ထံ နှစ်လခန့် အချိန်အထိ တိတိကျကျဖြစ်သော Information ပြန်မရခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ကတော့ အခု လုပ်နေတဲ့ Pro Myanmar astrology website ကိစ္စတွေနဲ့ ပတ်သက်ပြီး အလုပ်များနေတော့ လောလော ဆယ်မှာ ကိုယ်တစ်ဦးထဲဒီဇာတ်လမ်းရိုက်ဖို့ မစီစဉ်နိုင်သေးပါဘူး။ အဲတော့ Lashio outreach Porject နဲ့ ချိတ်ပြီး Project အကြီးအကဲတွေထံ၌ ဒီဇာတ်လေးပြန်တင်ပြဖို့ ကျွန်တော့်ဇာတ်ကို Project နာမည်တွေ ပြောင်းပြီး LOPကို တင်ဖို့ အခု လုပ်နေပါတယ်။
လောလောဆယ်မှာတော့ ကျွန်တော့ ပရိသတ်တွေ အားလုံးအတွက် အမှီးအနေနဲ့ပေါ့။ 2012 Velatime's day အထိမ်းအမှတ်အဖြစ် “ မေတ္တာဆိုသည်မှာ” Video ဇာတ်လမ်းအကျဉ်းကိုဘဲ ၀တ္ထုအနေနဲ့ တင်ပေးလိုက်ရခြင်းပဲ ဖြစ်ပါတော့တယ် ခင်ဗျာ
မေတ္တာအနန္တဖြင့်
အောင်ကောင်းမွန် (လားရှိုး)
မှတ်ချက်-
ဤဇာတ်လမ်းသည် မည်သူ့ကိုမျှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက လောကရဲ့ သဘောသဘာဝ တိုက်ဆိုင်မှုဖြစ်၍ နားလည်ပေးပါရန်..
  “မေတ္တာဆိုသည်မှာ ”
Lashio Outreach Project မူးယစ်ဆေး နောက်ဆက်တွဲအန္တရာယ်လျှော့ချရေး(Lashio) လူမှုရေး ၀န်ဆောင် အဖွဲ့အစည်းသည် လားရှိုးမြို့တွင် ၂၀ ခုနှစ် လ ရက် နေ့တွင် စတင် ရုံးစိုက်ပြီး ဖွင့်လှစ်ခဲ့ပါသည်။ မူးယစ်ဆေးစွဲသူများအား အခမဲ့ ၎င်း LOP ဆေးခန်းတွင် ဆေးဖြတ်ပေးခြင်း၊ မူးယစ်ဆေးစွဲသူများ မည်သူမဆို နေမကောင်းဖြစ်လျှင် အခမဲ့ ရုံးဆေးခန်းတွင် ဆေးကုပေးခြင်း၊ ရောဂါ ပြင်းထန်၍ လိုအပ်လျှင် ရုံးစရိတ်နှင့် ပြင်ပအခမဲ့ဆေးရုံတင်ပေး၍ ဆေးကုသပေးခြင်း၊ HIV ပိုးရှိသူများအား ပြုစုစောင့် ရှောက်ပေးခြင်း၊ လစဉ်စားသောက်ရန် ရိက္ခာထုတ်ပေးခြင်း၊ မူးယစ်ဆေးမပြတ်နိုင်သူများအား လားရှိုး ဆေးရုံ မူးယစ်အထူးကုဆောင်တွင် methadone သောက်၍ အစားထိုးဆေးဖြတ်နိုင်ရန် ၀န်ဆောင် စီစဉ်ပေး မှုများပြုခြင်း၊ လားရှိုးဆေးရုံ မူးယစ်အထူးကုဆောင်တွင် ၄၂ ရက်တက်ရောက်၍ ဆေးကုသမှု ခံယူ၍ ဆေးဖြတ်လိုသူများအားလည်း အားလုံးဆေးရုံတက်ရောက်စဉ်ကာလ၌ နေ့စဉ်၊ နေ့လည်စာ၊ ညစာ၊ နံနက်စာ စားစရိတ်များ ဆေးဖိုးများအား LOP ရုံးစရိတ်နှင့်ပင် စရိတ်ငြိမ်း ဆေးကုသမှု ပြုစေခြင်းများ ပြုလုပ်ပေးခဲ့ပါသည်။ မူးယစ်ဆေးသုံးစွဲနေသူတိုင်းအားလည်း နေ့စဉ် တစ်ခါသုံး ဆေးထိုးအပ်၊ ဆေးထိုးပြွန် များ ဝေငှပေးနေမြဲဖြစ်ပါသည်။ လားရှိုးမြို့နှင့် သုံးမိုင်ခန့်အကွာတွင်ရှိသည့် မူးယစ်ဆေးဝါးတ၇ားမ၀င်ဝယ်ယူ၍ ရတတ်တဲ့လား၇ှိုးမြို့ပြင်မှအ၀င်လမ်း (၇) ရပ်ကွက် ကွက်သစ်တွင်လည်း LOP ရုံးခွဲတစ်ခု ဖွင့်လှစ်ပေးပြီး ဆေးထိုးအပ်နှင့် ပြွန်နေ့စဉ် အခမဲ့ ဝေငှပေးနေခြင်း၊ ရုံးတွင် ၀င်ရောက်အပန်းဖြေနားနေနိုင်ရန် စီစဉ်ထားပေးခြင်း၊ သောက်သုံးရန်ဆေးလိပ် ခေါက်ဆွဲထုပ်၊ကော်ဖီမစ်တို့ကို အခမဲ့တိုက်ခဲ့ပါတယ်။ အပတ်တိုင်းအပတ်တိုင်းလိုလိုမှာလဲ methadone သောက်သုံးသူများ စုပေါင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊ လက်ရှိဆေးသုံးစွဲသူများ စုပေါင်းဆွေးနွေးပွဲ ပြုလုပ်ပေး ခြင်း၊ ဆေးပြတ်သူများ စုပေါင်းဆွေးနွေးပွဲပြုလုပ်ပေးခြင်းများကိုလည်း ဤ LOP အဖွဲ့အစည်းက ပုံမှန်ပြု လုပ်ပေးနေပါသည်။ အဲ့ဒီတော့ မူးယစ်ဆေးစွဲပြီး၊ ဆေးမဖြတ်နိုင်တဲ့ လူငယ်တွေအတွက် အဆင်ပြေမှုလေး တွေရရှိခဲ့ပါတယ်။ ဆေးစွဲလို့လူ့ဘောင် ပတ်ဝန်းကျင်အလည်မှာ လူသားအပေါင်းတို့၏ ၀ိုင်းပြီးအပယ်ခံ ဘ၀တွေကို ခံစားနေရတဲ့ ဆေးစွဲသူ လူငယ်တွေကို ကိုဒီ LOP လူမှုရေးအဖွဲ့စည်းက ၀န်ထမ်းတွေက အားပေးခဲ့၊ ကူညီခဲ့၊ လက်တွဲခဲ့ကြပါသည်။
မူးယစ်ဆေးစွဲသူတွေထဲက HIV ပိုးရှိသူတွေ အတွက်ဆိုရင် သိပ်ကို နေမကောင်းဖြစ်တဲ့အချိန်မှာ အဆင်ပြေသွားပါပြီ။ HIV ရှိသူတွေ ART လို့ခေါ်တဲ့ HIV ထိမ်းဆေးလိုအပ်သူတိုင်းကိုလည်း ဒီ LOP အဖွဲ့စည်းကြီးကပဲ ART ရအောင်စွမ်းဆောင်ပေးတယ်။ အဲ့ဒါကြောင့်မလို့ HIV ပိုးရှိသူတွေအနေနဲ့လည်း မည်သူမဆို ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ သက်တမ်းစေ့ နေနိုင်သွားကြပါပြီ။ သာမန်လူတွေ လိုဘဲ အလုပ်တွေလုပ်ပြီး ဘ၀ကိုတန်ဖိုးရှိစွာ ဖြတ်သန်းနိုင်ပါပြီ။ လူသားတွေနဲ့ ကမ္ဘာကြီးရဲ့ ကောင်းကျိုး၊ သာသနာကြီးအတွက်ကို ကောင်းစွာ ကောင်းကျိုးပြုနိုင်ခဲ့ကြပါပြီ။ အဲဒီလိုနဲ့ဘဲ တစ်နေ့မှာ အေးချမ်းမိုးလို့ ခေါ်တဲ့ မူးယစ်ဆေးစွဲနေတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။ အဲဒီကောင်လေးက ခေတ်ပညာတတ်တစ်ယောက်ပါ။ အသက်မွေးဝမ်းကျောင်းပညာတွေဖြစ်တဲ့ ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးရေး အလုပ်တွေဖက်မှာကို အလွန်ကို ကျွမ်းကျင်အောင်မြင်ခဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဘ၀ရဲ့ နာကျည်း အထီးကျန်ခဲ့ရတဲ့ ဘ၀ခံစားချက်တွေကြောင့်မလို့ မူးယစ်ဆေးစွဲခဲ့တဲ့ဘ၀ကို ရောက်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ဘယ်လိုမှကို ဖြတ်တောက်လို့မရတော့တဲ့ အခြေအနေကို ရောက်ခဲ့တယ်။ သူပညာသင် ပေးခဲ့တဲ့ တပည့်တွေ၊ သူ့ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတွေ၊ သူ့ဆွေမျိုးသားချင်းတွေ၊ မိဘ ညီအစ်ကိုမောင်နှမတွေရဲ့ အပယ်ခံဘ၀ကို ဘယ်လိုမှ မမျှော်လင့်ဘဲနဲ့ အေးချမ်းမိုးတစ်ယောက် ရောက်ရှိ သွားပါတယ်။ အဆိုးဆုံးကတော့ အေးချမ်းမိုးတစ်ယောက် သိပ်ကိုချစ်ရတဲ့၊ သိပ်ကိုဘ၀အတွက် မျှော်လင့် ခဲ့တဲ့ ချစ်သူကောင်မလေး “သီသီ”ရဲ့ ဥပေက္ခာပြုမှုတစ်ခုကိုပါဘဲ၊ လွန်စွာမှ ကြေကွဲဝမ်းနည်းစွာနဲ့ ဆုံးရှုံးမှု တွေတစ်ပွေ့တပိုက်ကြီးနဲ့ “ဘိန်းစား”လို့ ကင်ပွန်းတပ်ခံရတဲ့ ဘ၀နဲ့အတူ အေးချမ်းမိုးနေထိုင်ခဲ့ရတဲ့ အချိန်တွေဟာ တော်တော်လေးကို ကြာညောင်းခဲ့ပါတယ်။ အဲဒီမှာဘဲ LOP လားရှိုးရုံးဝန်ထမ်း အဖွဲ့အစည်း ရဲ့--- အဆင့်ရှိသူ ကိုမင်းမင်းနဲ့အတူ အေးချမ်းမိုးတစ်ယောက် ဆုံစည်းခဲ့ရတယ်။ LOP ရဲ့ ဆရာဝန်မလေး ဖြစ်သူ ဒေါက်တာမေမြင့်မိုးရဲ့ ကျင်နာမှု၊ နွေးထွေးမှုနဲ့အတူ မူးယစ်ဆေး ဖြတ်တောက်ကုသမှုကို ခံယူခဲ့ပါ တယ်။ အဲဒီမှာဘဲ မူးယစ်ဆေးသုံးရင်း ခင်မင်ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဆိုသူ မှာလည်း အေးချမ်းမိုးနဲ့အတူ ၎င်း LOP အဖွဲ့အစည်းကို ရောက်လာခဲ့တယ်။ LOP ရဲ့ ဆရာဝန်မလေး ဒေါက်တာ မေမြင့်မိုးမှာ အေးချမ်းမိုးကို လွန်စွာမှ ဂရုဏာသက်သွားခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ အားပေး စကားတွေ မျိုးစုံပြောခဲ့တယ်။ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ပတ်တာကာလမှာဘဲ အေးချမ်းမိုးနဲ့ ဒေါက်တာမေမြင့်မိုးတို့၏ ဆက်ဆံရေးဟာ တကယ့်ဟိုးနှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့သလို၊ ငယ်ပေါင်းသူငယ်ချင်းတွေလို ရင်းနှီးသွားခဲ့ကြတယ်။ အေးချမ်းမိုးရဲ့သူငယ်ချင်း တွဲဖော်၊ တွဲဖက်ဖြစ်သူ ကျော်ကျော်ကိုလည်း ဒေါက်တာ မေမြင့်မိုးမှ အေးချမ်းမိုးရဲ့ အတိတ်အကြောင်းတွေကို အမျိုးမျိုးဖန်တီးပြီး မေးခဲ့တယ်။ အဲဒီလိုနဲ့ဘဲ တကယ့်ပညာတတ် တန်ဖိုးရှိတဲ့ ယောက်ျားတစ်ယောက်ဟာ အခုလိုဆေးစွဲသွား တဲ့ ဆေးသမားဘိန်းစားဘ၀က လွတ်မြောက်ဖို့အတွက် ဆရာဝန်မလေး ဒေါက်တာ မေမြင့်မိုးမှာ အမျိုးမျိုး စဉ်းစားနေမိတယ်။ တကယ်တော့ ဆရာဝန်မလေး ဒေါက်တာမေမြင့်မိုးမှာ ပညာပြည့်ဝ နှလုံးလှလွန်းတဲ့ မိန်းမကောင်းလေး တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ သူမဘ၀ရဲ့ အခုလိုရှင်သန်လုပ်ကိုင်နေရတဲ့ဘ၀ကို သိပ်ကို တန်ဖိုးရှိသည်ထက်ရှိလာအောင် လွန်စွာမွန်မြတ်တဲ့ လူသားအကျိုးပြု ပရဟိတအလုပ်တွေကို ဆက်တိုက်လုပ်သွားပြီး မိန်းမကောင်း၊ မိန်းမမြတ်ဘ၀ကို ခံယူနိုင်ဖို့ ကြိုးစားနေသူ အမျိုးကောင်းသမီး မိန်းမချောတစ်ယောက်ပါ။ တစ်နေ့မှ ရုံးဝန်ထမ်းတွေ ဆွေးနွေးပွဲလုပ်ရင်းနဲ့ အေးချမ်းမိုးနဲ့ ပတ်သက်ပြီးတော့ - ( )ဖြစ်သူကို မင်းမင်းနဲ့ တိုင်ပင်ခဲ့တယ်။ အေးချမ်းမိုးက မူးယစ်ဆေးကို ဘယ်လိုမှ မဖြတ်နိုင်ခဲ့ဘူးဆိုရင် လည်း methadone သောက်ပြီး သူ့ရဲ့ဘ၀ကိုသူ ပြန်ပြီးတည်ထောင်ရန်အတွက် ကူညီဆောင်ရွက်နိုင်ဖို့ကို အထူးဆွေးနွေးခဲ့ပါတယ်။
အေးချမ်းမိုးကဲ့သို့ပဲ မည်သူမဆို ဆေးမဖြတ်နိုင်ဘူးဆိုရင်လည်းဘဲ methadone အစားထိုးဆေး သောက်သုံးပြီး ကိုယ်တတ်တဲ့ ပညာလေးတွေနဲ့ ကိုယ့်ဘ၀ကို ပြန်လည်ထူထောင်နိုင်အောင် Lashio Outreach Project အနေနဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ ကူညီနိုင်သလောက် ကူညီလုပ်ကိုင်ဖို့ ရုံးတွင်းဆွေးနွေးပွဲမှာ ---- officer ကို Project doctor ဖြစ်သူ ဆရာဝန်မလေးဒေါက်တာမမြင့်မိုးက
တင်ပြဆွေးနွေး အကြံပြုပါတယ်။ လက်ရှိအခြေအနေမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ သုံးစွဲမှုလျှော့ချရေးနဲ့ ဆေးသုံးစွဲသူများ အန္တရာယ်လျှော့ချရေး လုပ်ငန်းတွေလုပ်တဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံမှာ အတော်လေး ရှိလာခဲ့ပြီး၊ ဆေးဝါးကုသပေးမှု၊ ဆေးဝါးကုသရာတွင် လိုအပ်သည်များ ကူညီ ပံ့ပိုးပေးမှု၊ ဆေးသုံးစွဲသူများ ဆုံးဖြတ်ပေးမှု၊ Methadone အစားထိုး ဆေးတိုက်ခြင်းအား လိုအပ်သည်များ ကူညီပံ့ပိုးပေးမှု၊ ဆေးသုံးစွဲသူများအတွက် နောက်ဆက်တွဲ အန္တရာယ်လျှော့ချမှုတွေနဲ့ ပတ်သက်လို့ မိမိတို့ ရဲ့ LOP အပါအ၀င် ကျန်အဖွဲ့အစည်းများမှာ အတော်ကို ဖိဖိစီးစီး အောင်မြင်စွာ လုပ်နိုင်ခဲ့သော်လည်း ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းကမှ သိပ်ပြီးထိထိရောက်ရောက်မလုပ်နိုင် တာတွေကို တွေ့နေရသည့်အတွက် ယခု မိမိတို့ရဲ့ LOP ကြီးအနေနဲ့ ပြန်လည်ထူထောင်ပေးနိုင်ရေး ကိစ္စကိုတော့ အတော်လေးစွေးနွေးညှိနှိုင်းပြီး အောင်မြင်အောင် အကောင်အထည်ဖော်လုပ်ဆောင်သွား နိုင်ဖို့အတွက် ဒေါက်တာ မေမြင့်မိုးမှ အဓိကထားပြီး အဆိုပြု (propose) လုပ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ အေးချမ်းမိုးနဲ့အတူ သူငယ်ချင်းကျော်ကျော်တို့နှစ်ယောက် LOP တာဝန်ခံမှ methadone ဆေးသုံးသွားဖို့ အကြံပြုနှစ်သိမ့်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပါပဲ အေးချမ်းမိုးနဲ့ ကျော်ကျော်တို့ သူငယ်ချင်းနှစ်ယောက်လုံး methadone သောက်ကြဖို့ လက်ခံသဘောတူလိုက်ကြတယ်။
အဲဒီတော့ LOP အနေနဲ့ ၎င်း(ကူညီထောက်ပံ့မှုလိုသူ) နှစ်ယောက်ဖြစ်သူ အေးချမ်းမိုးနဲ့ ကျော်ကျော်တို့ကို လားရှိုးပြည်နယ် ပြည်သူ့ဆေးရုံကြီး၊ စိတ်ကျန်းမာရေးနဲ့ မူးယစ်ဆေးစွဲရောဂါကုသရေး ဌာနနှင့် ဆက်သွယ်ညှိနှိုင်းပြီးနောက် လိုအပ်သည့် ဆေးရုံတက်ရက် (၁၄)ရက်သာကာလအတွင်း၊ နေထိုင် စားသောက်ရန် ကိစ္စအားလုံးကို Project မှ အကုန်အကျခံပြီး ဆေးရုံတင်ပေးခဲ့ပါတယ်။ အဲဒီလိုနဲ့ဘဲ(၁၄) ရက်ဆေးရုံတက်ပြီး မူးယစ်ဆေးအစားထိုး methadone သောက်သုံးပြီးနောက် ကျန်းမာစွာဖြင့် အေးချမ်းမိုး တို့ သူငယ်ချင်းနှစ်ဦး ဆေးရုံဆင်းခဲ့ကြပါတယ်။ ဒေါက်တာမေမြင့်မိုးနှင့် အေးချမ်းမိုးတို့နှစ်ယောက်မှာတော့ အလုပ်သဘောအရ စတင်တွေ့ဆုံခဲ့ရသော်လည်း ယခုအခါတွင် အတော်လေးလည်း နှစ်ဦးသား ရင်းနှီး သွားခဲ့ပါပြီ။ အေးချမ်းမိုးဟာ ဆေးပြယ်သွားသည်နှင့်အမျှ ၎င်းထံတွင် ကိန်းအောင်းနေတဲ့ အရည်အချင်း တွေ၊ ယောက်ကျားပီသတဲ့ စိတ်ဓါတ်တွေဟာလည်း ဆရာဝန်မလေး မေမြင့်မိုး၏ နှလုံးအိမ်မှ ကြာလေ ကြာလေ သိရှိလာလေဖြစ်ခဲ့တယ်။ အဲဒါနဲ့ဘဲ အေးချမ်းမိုးတစ်ယောက် လုပ်ငန်းခွင်ပြန်ဝင်ပြီး ဗွီဒီယိုရိုက်ကူး ရေး (အနုပညာ)လုပ်ငန်းတွေ ပြန်လည်ရှင်သန်လုပ်ကိုင်ရာမှ အဆင်ပြေဖို့အတွက် မရှိမဖြစ်လိုတဲ့ ဟမ်းဖုန်း တစ်လုံးကို မမေမြင့်မိုးလေးက ၀ယ်ပေးခဲ့တယ်။ ဒါပေမဲ့ အေးချမ်းမိုးကတော့ မယူလိုကြောင်း ငြင်းပယ်ခဲ့ ပါတယ်။ ဆရာမလေးမေမြင့်မိုးရဲ့ တကယ့်ကို ဖြူစင်စွာ မိမိအပေါ်မှာထားရှိတဲ့ စေတနာကိုလည်း အေးချမ်းမိုးမှာ ကောင်စွာသိနားလည်နေတော့ မေမြင့်မိုးပေးတဲ့ဖုန်းကို လက်ခံလိုက်တယ်။ ဒါပေမဲ့ သူဖုန်း ၀ယ်နိုင်သွားရင်တော့ ပြန်ပေးမယ်။ အဲဒီအခါကြရင်တော့ ဒေါက်တာ့အနေနဲ့ ပြန်ပြီး လက်ခံယူရမည်လို့ ကတိစကားတစ်ခုတောင်းပြီး ဒေါက်တာမေမြင့်မိုးဝယ်ပေးတဲ့ ဟမ်းဖုန်းကို အေးချမ်းမိုးတစ်ယောက် လက်ခံ ခဲ့တယ်။ အေးချမ်းမိုးရဲ့ သူငယ်ချင်းဖြစ်သူများမှာလည်း ယင်းဖြစ်ရပ်အား အမျိုးမျိုး ဝေဖန်ပြောဆိုကြ၊ စနောက်ကြနဲ့ပေါ့လေ--- အေးချမ်းမိုးရဲ့ ရင်ထဲမှာလည်း တွယ်ရာမဲ့ဘ၀နဲ့ အချိန်တွေများစွာ ဖြတ်သန်းခဲ့ရပြီး ယခုလို မိမိကိုယ်နားလည်ပြီး၊ အစစအရာရာ ဂရုစိုက်ခဲ့တဲ့ မိန်းမချောလေးနဲ့ စုစည်းရခြင်းကိုတော့ ရင်ခုန်မိ သည်ထက်ပို၍ပို၍ ရင်ခုန်လာခြင်းကိုမူ ကိုယ့်ကိုယ်ကို အပြစ်တင်မိပုံမရပေ-------
အေးချမ်းမိုးသည် methadone စတင်သောက်ချိန်ကာလ ဆေးရုံတွင် ၎င်းကဲ့သို့ဘဲ methadone လာ၍ သောက်သူ သူငယ်ချင်းကောင်းတစ်ဦးရခဲ့ပါသေး၏။ ထိုသူ၏ အမည်ကားကိုစိုင်းကိုလတ် ဟူ၍ ဖြစ်၏။ ၎င်းစိုင်းကိုလတ်သည် မူးယစ်ဆေးစွဲစဉ်ကာလတွင်မူ စီးပွားရေးကိစ္စမှန်သမျှကို ဇနီးသည်ဖြစ်သူမှ သာ တာဝန်ယူပြီး လုပ်နေရသူကြီးဖြစ်ပါသည်။ စိုင်းကိုလတ်မှာ မူးယစ်ဆေးစွဲသူပီပီ ဆေးရဖို့၊ ဆေးသုံးဖို့မှ လွှဲ၍ ဘာတစ်ခုမျှ စိတ်မ၀င်စားဘဲ နေ့စဉ် အချိန်မှာ ဆေးသုံး၍ DIC များတွင် အပေါင်းအသင်းများနဲ့ နားနေပြီး ဆေးမှိန်း၍သာ အချိန်တွေကုန်လွန်ခဲ့ပါသည်။ ဇနီးဖြစ်သူမှာလည်း အရောင်းအ၀ယ် (စတိုးဆိုင်) လုပ်ငန်း၌ ကောင်းစွာကျွမ်းကျင်ပိုင်နိုင်မှုနှင့် အိမ်ထောင်တစ်ခုလုံးတွက် တာဝန်ယူခဲ့ရသည်ဖြစ်၏။ စိုင်းကို လတ်မှာ ယခုအခါမှာတော့ ဆေးပြယ်သွားပြီဖြစ်သောကြောင့် လုပ်ငန်းတစ်ခုခုကို ပြန်လည်ပြီး အောင်မြင် စွာ လုပ်ကိုင်ချင်စိတ်တွေ ပေါ်ပေါက်လာ၏။ နေ့စဉ် နံနက်ခင်း တစ်ကြိမ် ဆေးရုံတွင် methadone သောက်ပြီးသည်နှင့် တစ်ရက်သာလုပ်ငန်းတစ်ခုခုကို စတင်ပြီးလုပ်ချင်လာလေ၏။ ထို့ကြောင့် အေးချမ်းမိုး နှင့်အတူ ဗီဒီယိုရိုက်ကူးရေးလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းကြီးများ၊ ဟိုတယ်လုပ်ငန်းကြီးများအတွက် internet free webside များကို နိုင်ငံတော်မှ တာဝန်ယူဓူမိန်း ၀ယ်ပြီး software engineer များ ခေါ်ယူစု ပေါင်းပြီး webside များ တင်ပေးမည့် လုပ်ငန်းကြီးတစ်ခုကိုလည်း အေးချမ်းမိုးနှင့် စိုင်းကိုလတ်တို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆေးရုံတက်နေစဉ် (၁၄) ရက်ကာလအတွင်း တိုင်ပင်ဆွေးနွေးခဲ့ပြီးဖြစ်၏။ သို့သော်လည်း အေးချမ်းမိုး၏ လက်ရှိအခြေအနေမှာ လုပ်ငန်းကြီးများကို နိုင်ငံတကာအဆင့်မှီ လုပ်ကိုင်နိုင် သည်။ ပညာအရည်အချင်းရှိနေသော်လည်း ရင်းနှီးမြုပ်နှံငွေဆိုလို့ နည်းနည်းမျှပင် မရှိသည့် အခြေအနေ မျိုးဖြစ်နေ၏။ အလုပ်လုပ်ရန် Harm Phone တစ်လုံးတောင် မရှိဖြစ်နေရာတွင် ဆရာမလေး မေမြင့်မိုး၏ စေတနာ နားလည်မှုဖြင့် ဖုန်းတစ်လုံးရရာ လွန်စွာမှ ၀မ်းသာမိ၏။ ကျေးဇူးလည်းဘဲ တအားကို ဒေါက်တာ မေမြင့်မိုး အပေါ်တင်နေလေ၏။ သံယောဇဉ်မှာလည်း ကြာလေကြာလေ တိုးလာလေဖြစ်နေလေတော့၏။
လုပ်ငန်း၏ ကုန်ကျစရိတ်နဲ့ပတ်သက်လို့ကတော့ ကိုစိုင်းကိုလတ်က သူပိုင်ဆိုင်ခဲ့တဲ့ မိဘအမွေ ပစ္စည်းများပေါင်နှံ၍လည်းကောင်း၊ ရောင်းသင့်တာရောင်း၍လည်းကောင်း၊ ထုပ်လုပ်ကိုင်မည်ဖြစ်ပြီး၊ အေးချမ်းမိုးမှာ လုပ်ငန်းကြီးတစ်ခုလုံးကို ကြီးကျယ်စွာ တိုတောင်းသောကာလအတွင်း အောင်မြင်အောင်၊ မိမိတက်မြောက်ပြီးသော ပညာအတွေ့အကြုံ များနှင့် လုပ်ကိုင်သွားရမည်ဖြစ်ပါသည်။ ဤ သို့နှင့်ပင် အေးချမ်းမိုးနှင့် အနီးကပ်သူငယ်ချင်း ကျော်ကျော်လုပ်ငန်းစပ်တူ တွဲဖက်လုပ်ကိုင်သူ စိုင်းကိုလတ်တို့မှာ ဆေးဖြတ်ပြီးများ မကြာမီအချိန်မှာဘဲ Royal thinking Video and Photo studio နှင့် internet website sofware ရေးသား၊ ၀န်ဆောင်ခြင်း ကုမ္ပဏီအား ဖွင့်လှစ်နိုင်ခဲ့လေတော့၏။ စိုင်းကိုလတ်မှာ ကုမ္ပဏီ၏ ထုတ်လုပ်မှု ဒါရိုက်တာအဖြစ်လည်းကောင်း၊ အေးချမ်းမိုးမှာ ကုမ္ပဏီတစ်ခုလုံး၏ စီစဉ်ကြီးကြပ်အုပ်ချုပ်မှု ဒါရိုက်တာ(MD)ရာထူးဖြင့် စတင်လုပ်ကိုင်လေတော့၏။ ကုမ္ပဏီဝန်ထမ်းပညာရှင်များလည်း အတော်များ များ ခန့်ထားရလေ၏။ သင့်တော်သည့် နေရာတစ်ခုတွင် ကုမ္ပဏီရုံးခန်းအား ဖွင့်လှစ်ခဲ့သည်။ ၀န်ထမ်းများ အားလုံးလည်း အေးချမ်းမိုး၏ ကုမ္ပဏီနဲ့ပတ်သက်ပြီး နီးစပ်ရာကို ကြော်ငြာပေးကြလေ၏။ ဤသို့နှင့်ပင် တိုတောင်းသောကာလတစ်ခုမှာပင် အေးချမ်းမိုး၏ Royal thinking company မှာ ကြီးကျယ်စွာ အောင်မြင်သွားလေတော့၏။ ဒေါက်တာမေမြင့်မိုးမှာလည်း လွန်စွာမှ ၀မ်းသာနေလေ၏။
မိမိစိုက်ပျိုးခဲ့သော ကောင်းမြတ်သည့် မျိုးစေ့မှာ ယခုအခါ လှလှပပကြီးကို ရှင်သန်သွားပြီဖြစ် သောကြောင့် ဖြစ်၏။ ဒေါက်တာမေမြင့်မိုး၏ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများ ဆရာဝန်များမှာလည်း ယင်းတို့၏ ဖြစ်ရပ်အပေါ်မှာ (Congratulations)လုပ်၍ စနောက်ကြလေ၏။ ဒေါက်တာမေမြင့်မိုးမှာတော့ ဘာမျှ ပြန်မပြောဘဲ ပြုံး၍ အသာယာ ခေါင်းငုံ့ပြီးသာ နေလေ၏။ အဘယ်ကြောင့်ဆိုသော် အေးချမ်းမိုး တစ်ယောက်မှာ propose မလုပ်သေး၍သာ ဖြစ်တော့၏။ အေးချမ်းမိုးအနေနှင့်လည်း အချိန်တန်နေပြီ ဆိုတာကို သဘောပေါက်နေပါ၏။ သို့သော်လည်း ဒေါက်တာမေမြင့်မိုးမှာ သူသိပ်ချစ်ရတဲ့ချစ်သူ ဆရာဝန် တစ်ယောက်ရှိတယ်လို့ ဟိုမှ ဒီမှ ကြားရ၍ စိုးရိမ်တကြီး ဖြစ်နေခြင်းဖြစ်၏။ မမေမြင့်မိုးလို ဥစ္စာပေါ ရုပ်ချော ပညာတတ် ဆရာဝတ်မလေးတစ်ယောက်ကိုတော့ ကြိုက်နေကြတဲ့၊ လက်ထက်ဖို့ မှန်းထားကြတဲ့၊ တောင်းရမ်းယူဖို့ ရည်ရွယ်စီစဉ်ထားကြတဲ့ယောက်ျားလေးများမှာ မည်မျှများပြားနေမည်ကို အရွယ်ရောက် သူ ယောက်ျားလေးတိုင်း ဒေါက်တာမေမြင့်မိုးကို မြင်လိုက်သည်နှင့် သဘောပေါက်ကြမည်ချည်းသာ ဖြစ်သည်။ သို့သော်လည်း အရမ်းအရမ်းကို ချစ်စရာကောင်းလှတဲ့ ဆရာဝန်မလေး မေမြင့်မိုးကိုမူ Royal thinking Company (MD) ဦးအေးချမ်းမိုး တစ်ယောက်မှာလည်း သိပ်ကို ချစ်လွန်းလှပြီဖြစ်၏။ ဒေါက်တာ မေမြင့်မိုး၏ ချစ်သူဖြစ်ခဲ့ဖူးသူ ဆရာဝန်နဲ့က ဘယ်လိုအခြေအနေဖြစ်နေမှန်းကို ကောင်းစွာ မသိရ၍---- အမေးရလည်းခက်---- မမေးလို့လည်းမဖြစ်တဲ့အခြေအနေကို ရောက်နေ၏။ ထို့ကြောင့် တစ်နေ့တွင် အေးချမ်းမိုးမှာ internet ပေါ်မှ E-mail ပို့၍ ပြောစရာရှိသည်များ မေးစရာရှိသည်များ မေးတော့မည်ဟု ဆုံးဖြတ်လိုက်၍ ဒေါက်တာ မေမြင့်မိုးထံသို့ ဖုန်းဆက်ပြီး E-mail တောင်းလေ၏။ ဒေါက်တာမေမြင့်မိုးမှာ တော်တော်နှင့် ၎င်း၏ E-mail ကို မပေးဘဲနှင့် စကားကို ဟိုလှည့် ဒီလှည့် လုပ်နေ၏။ အေးချမ်းမိုးမှာ ဇွတ်ကို မရမက တောင်းတဲ့အတွက် သူမရဲ့ sailormoon. com တစ်ခုကို ပေးလိုက်လေ၏။ သူမ၏ G-mail account မှာ အလုပ်ကိစ္စနှင့် ပတ်သက်ပြီး သုံးတဲ့ account ဖြစ်နေလို့ဆိုပြီး G-mail account ကို မပေးဘဲထား၏။ အေးချမ်းမိုးမှာ G-mail account ကိုသာ သုံးနေကြဖြစ်သောကြောင့် sailormoon ကို မသုံးတတ် ဖြစ်နေလေတော့၏။ သူငယ်ချင်းများအား မေးတော့လည်း သုံးတတ်သူတွေမရှိတော့ ခက်နေရှာလေတော့၏။ သို့သော်လည်း အေးချမ်းမိုးမှာ ၎င်း၏G-talk မှ add လိုက်လေ၏။ သို့သော်လည်း sailormoon နဲ့က chating ထိုင်လို့မရဖြစ်နေတော့ မှန်းသလောက်ခရီးမပေါက်ဖြစ်နေလေ၏။ နောက်ဆုံး တော့ အေးချမ်းမိုးဘ၀မှ ကုမ္ပဏီ(MD) ဦးအေးချမ်းမိုးဘ၀ရောက်သွားသူ လူပျိုကြီးမှာ အရဲစွန့်၍ မမေမြင့်မိုး ကို ချိန်းဆိုပြီး propose လုပ်လေတော့၏။
ဆရာဝန်မလေး မေမြင့်မိုးမှာ အေးချမ်းမိုး၏ propose ကိုကြားသိလျှင် တစ်ခဏတော့ မျက်နှာပျက် သွားလေ၏။ ထို့နောက်တော့ “ကိုအေးချမ်းမိုးရဲ့ စကားတွေကို မိုး အကြမ်းဖျင်းတော့ လက်ခံလိုက်ပါမယ် နော်--- အချောသပ်ကိုတော့ ကိုအေးချမ်းမိုးရဲ့ အခြေအနေကိုကြည့်ပြီး စဉ်းစားဆုံးဖြတ်ရမှာပေါ့” ဟု မတင်မကျတဲ့အဖြေကို အေးချမ်းမိုးအား ပြန်ပေးလေ၏။ ဤသို့နှင့်ပင် ကိုအေးချမ်းမိုး နှင့် ဒေါက်တာမေမြင့် မိုးတို့မှာ တရားဝင် ချစ်သူရည်းစားဘ၀ကို မရောက်သေးသော်လည်း အခြေအနေမှာ သိပ်တော့ မဆိုးလှပေ။ ထို့ကြောင့် ကိုအေးချမ်းမိုးတစ်ယောက်မှာလည်း သိပ်ချစ်စရာကောင်းတဲ့ ဆရာဝန်မလေး ဒေါက်တာ မေမြင့်မိုး နှင့် လက်ထက်ဖို့ကို စိတ်ကူးယဉ်ရင်း စီစဉ်နေလေတော့၏။ ဤသို့နှင့်ပင် အခြေအနသည် အချိန် အခါပေါ်တွင်မူတည်ပြီး ပြောင်းလဲမှုတွေ၊ ရင်ခုန်စရာ၊ စိတ်လှုပ်ရှားစရာများ ဖြစ်ပေါ်လာလေတော့၏။ အေးချမ်းမိုးတစ်ယောက်အတွက် လုပ်ကိုင်နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အောင်မြင်မှု နာမည်ကောင်း နှင့်တကွ တိုးတက်မှု အခြေအနေတွေဟာ တစ်နေ့ထက် တစ်နေ့၊ တစ်လထက် တစ်လ၊ တိုးတက်နေသော် လည်း အချစ်ရေး ကိစ္စမှာတော့ စိတ်ညစ်စရာ ပြတ်သားစွာ ဆုံးဖြတ်ရဖို့အတွက် ကံကြမ္မာစီမံဖန်တီး လာလေတော့၏။ အေးချမ်းမိုး၏ ချစ်သူရည်းစားဟောင်းဖြစ်သူ မဟေမာန်သီမှာ နိုင်ငံခြားမှ ရုတ်တရက် ပြန်ရောက်လာလေတော့၏။ အေးချမ်းမိုးနှင့်တွေလိုကြောင်း ဆက်သွယ် အကြောင်းကြားလာ၏။ အေးချမ်း မိုးသည် ကြားသိသိချင်း လွန်စွာမှစိတ်လှုပ်ရှားသွား၏။ ဒေါသတွေလည်းထွက်လာ၏။ မိမိအား ဥပက္ခာပြုခဲ့တဲ့ချစ်သူရယ် ရက်စက်ထားခဲ့ပြီး နိုင်ငံခြားထွက်သွားနိုင်သူဟာ ယခုလိုအောင်မြင်နေတဲ့ဘ၀ကို ပြန်ရောက်သွားသောမိမိအား ပြန်ပြီးကောက်ယူချင်သလိုလို၊ တန်ဖိုးမထားအရေးမစိုက်သည့်သဘော၊ စော်ကားသည့်သဘောဖြင့် ပြုလုပ်သည်ဟု ဟေမာန်သီ၏လုပ်ရပ်တွေကို အေးချမ်းမိုးတစ်ယောက်က ထင်မြင်ချက်ပြုလိုက်၏။ သို့သော်လည်း အေးချမ်းမိုးမှာ ဟေမာန်သီအား သွားတွေ့မည်၊ တွေ့လျှင် ပြောစရာ ရှိတာတွေ ခံစားချက်၊ ခံပြင်းမှုတွေ အကုန်လုံးပြောမည်ဟု ဆုံးဖြတ်၍ ဟေမာန်သီ၏ချိန်းဆိုသောနေရာသို့ သွားခဲ့၏။
အေးချမ်းမိုးနှင့် ဟေမာန်သီတို့ ဆုံစည်းမိကြပြီဖြစ်၏။ ဟေမာန်သီအားပြန်လည် တွေ့မြင်လိုက်ရ သော အေးချမ်းမိုးမှာ လွန်စွာမှ ကြေကွဲဝမ်းနည်းပြီးမျက်ရည်များပင် လည်၍လာလေ၏။ “နေကောင်းတယ် နော်အကို” ဟုဟေမာန်သီ၏ နုတ်ဆက်စကားကိုကြားလိုက်ရလျှင် တစ်ချိန်က လွန်စွာမှ စွဲလန်းချစ်ကြိုက် ခဲ့ရတဲ့အသဲလေးကြောင့် အေးချမ်းမိုးမှာ ရစ်ဝဲနေသာမိမိမျက်ဝန်းအိမ်မှ မျက်ရည်များအထွက်ကျလာအောင် အကြီးအကျယ် ထိန်းသိမ်းရလေတော့၏။ ဟိုအရင်အချိန်အခါများက လက်ထပ်ဖို့ပြောခဲ့ကြတွေ၊ ကြင်နာ မှုတွေအပြန်အလှန်ပေးခဲ့ကြတာတွေ၊ မင်္ဂလာဆောင်ကြတဲ့အခါမှာ ကော်ဖီရောင် သတိုးသား (အနောက် တိုင်း) ၀တ်စုံနဲ့အတူ မိတ်ကတ်ရောင်နဲ့ အဖြူရောင် သတိုးသမီးဝတ်စုံ၊ အ၀ါနုရောင်တို့ကို ပြောင်းလည်း ၀တ်ဆင်ရင်း မြင်ရောင်သတိရမိလေ၏။ မည်သို့ပင်ဆိုစေ ယခုအချိန်မှာတော့ မိမိအပေါ်ကိုအလွန်ကောင်း လှတဲ့ မိမိဘ၀ကိုကယ်တင်ခဲ့တဲ့ချစ်ရလွန်းတဲ့ ဒေါက်တာမေမြင့်မိုးကို propose လုပ်ပြီးဖြစ်နေပြီဖြစ်၏။ ယခုအခါတွင် ယောက်ျားပီသစွာ ပြတ်ပြတ်သားသားဆုံးဖြတ်ရမည်ဖြစ်၏။ ဒေါက်တာမေမြတ်မိုးနှင့် လက်ထပ်မယ်လို့လည်း မိမိကိုယ်မိမိ ဆုံးဖြတ်ချက်ချပြီးသားဖြစ်၏။ ထို့ကြောင့် အေးချမ်းမိုးမှာ သူ၏လှုပ် ရှားနေတဲ့စိတ်ကို ပြန်ထိမ်းလိုက်ပြီးချစ်သူဟောင်း ဖြစ်ခဲ့တဲ့ဟေမာန်သီကို စကားလုံးများအား တည်ငြိမ်စွာ တစ်လုံးစီ ဖြေးဖြေးချင်း ပြောလိုက်လေတော့၏။ “ သီသီကို ကိုယ်တစ်ချိန်က အမြတ်တနိုးခေါ်ခဲ့ရတဲ့ ညီမလေး....... ကိုယ်ကိုအခုလိုပြန်တွေ့ရတော့ညီအလေး ရင်ထဲမှာတော့ ဘယ်လိုခံစားရသလည်းမသိဘူး ကိုယ်ကတော့ တော်တော်လေးစိတ်လှုပ်ရှား........ သွားမိပါတယ်” ....... ဘယ်လိုဘဲဖြစ်ဖြစ် ခုချိန်မှာတော့ ကိုမှာ ကိုယ့်အပေါ်သိပ်ကိုနားလည်ပေးခဲ့ပြီး၊ ကိုယ့်ဘ၀ တစ်ခုလုံး ချောက်ထဲကျခါနီး အခြေအနေကနေ ပြန်လည်ရှင်သန်လာဖို့ ကယ်တင်ပေးခဲ့သူ၊ ကိုယ်သိပ်ကိုချစ်ခဲ့ရတဲ့ချစ်ရသူအေးချမ်းမိုး၏ စကားသံအားကြား လျှင်ကြားချင်းပင် ဟေမာန်သီ၏ မျက်ဝန်းအတွင်းမှ မျက်ရည်လုံးကလေးများမှာ အဆက်မပြတ်ကျဆင်း လာလေတော့၏။ သီသီမှာဘာမှကိုပြန်အပြောနိုင်တော့ဘဲ ရိုက်ကြီးတငင်ပင်ငိုကြွေးချလိုက်လေတော့၏။ ထိုအခါတွင် အေးချမ်းမိုးမှာ သီသီ၏ပုခုံးနှစ်ဖက်ကိုကိုင်ရင်း “မငိုပါနဲ့တော့ တိတ်လိုက်ပါတော့ ညီမလေး ရယ်။ အစထဲက ကိုယ့်ကိုမချစ်လို့ဘဲ ထားပြီးရက်ရက်စက်စက်နဲ့ပဲ နိုင်ငံခြားကိုထွက်သွားခဲ့တယ်မလား..... ညီမလေးတို့မိသားစုဟာ ကိုယ့်ထက်တအားကို ချမ်းသာတယ်.... ကိုယ်ထက်အများကြီးသာပါတယ်........ ကိုယ်ကတော့ အားငယ်စွာနဲ့ ဒီလားရှိုးမြို့မှာ တစ်ယောက်ထဲကျန်ခဲ့ရသူပါ။ အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့စီးပွါးရေး အခြေအနေကလဲ သိပ်ကိုကြိုးစားနေချိန်၊ ညီမလေးနဲ့လည်းကွဲသွားတော့ ကိုယ်ဘယ်လောက်ထိ ခံစားနေ ရတယ်ဆိုတာ၊ ညီမလေးတွေးကြည့်မိရင် သိမှာပါ။ ညီမလေး အကိုရဲ့မိန်းမ(မရီး) အဲ့ဒီတုန်းက ကိုယ့်ကို ဖုန်းထဲကပြောသွားတဲ့စကားသံကို ကိုယ်နားထဲက အခုထိမထွက်သေးပါဘူး..... ကိုယ်နဲ့ ညီမလေးတို့ ဒီဘ၀မှာ လက်ထပ်ဖို့ ကံမပါဘူးလို့ဘဲ မှတ်ယူလိုက်ပါတော့နော်..... ကိုယ်လည်းဘဲ အဲဒီလိုဘဲ မှတ်ယူထား လိုက်ပါပြီ ....ဤသို့ အေးချမ်းမိုးနဲ့ ဟေမာန်သီ ဆုံတွေ့ပြီးစကားပြောနေတဲ့ သတင်းကို ဒေါက်တာ မေမြင့်မိုးထံသို့ ချက်ချင်းပင်ရောက်ရှိသွားလေတော့၏။ မေမြင့်မိုး၏ မိတ်ဆွေတစ်ဦးမှာမြင့်တွေ့သွားပြီး ဖုန်းဆက်သတင်းပို့လိုက်ခြင်းကြောင့်ဖြစ်၏။ ဒေါက်တာမေမြင့်မိုးမှာ ချက်ချင်းပင်ဒေါသကြီးစွာထွက်ပြီး အေးချမ်းမိုးအား စိတ်အနာကြီးနာသွားလေတော့၏။ ထို့ကြောင့် ချက်ချင်းပင် project သို့တာဝန်ရှိသူ officer အားဖုန်းဆက်ခွင့်ရက်ရှည်ယူပြီး ရန်ကုန်သို့ထွက်သွားလေတော့၏။ ဤအဖြစ်ကိုသိတဲ့ LOP ၀န်ထမ်းတစ်ဦးမှာလည်း အေးချမ်းမိုးအား ချက်ချင်းဖုန်းဆက်သတင်းပို့ပြန်၏။ ထို့ကြောင့် အေးချမ်းမိုးမှာ ဟေမာန်သီနှင့်ရှိနေစဉ်နေရာမှ ချက်ချင်းပင် သီသီအားထားခဲ့ပြီး ကားကိုဒုန်းဆိုင်းကို မောင်း၍ မေမြင့်မိုး နောက်လိုက်လေ၏။ မေမြင်မိုးဖုန်းအား ဆက်ရာ အေးချမ်းမိုးဖုန်းမှန်းသိလိုက်သည်နှင့် ချက်ချင်းပင်ဖုန်း ပိတ်လိုက်သော မေမြင့်မိုး၏ လုပ်ရပ်ကြောင့် အေးချမ်းမိုးမှာ ကားမောင်းရင်းနှင့်ပင် အရူးတစ်ပိုင်းဖြစ်နေ လေတော့၏။ နုတ်မှ “မိုး” လေး “မိုး” လေးဟုခေါ်ရင်းပင် တောင်းပန်စကားမျိုးစုံ၊ ဖြေရှင်းချက်တွေ၊ အနာဂတ်မျှော်လင့်စိတ်ကူးယဉ်စီစဉ်ခဲ့တာတွေကို တဖွဖွ ငိုကြွေးပြောရင်း လွန်စွာမှ အန္တရာယ်များစွာနှင့် ကားမောင်းလာလေတော့၏။
အေးချမ်းမိုးမှာ အရူးတစ်ပိုင်းနှင့် ကားမောင်းထွက်လာခဲ့၏။ ထိုအချိန်မှာပင် အေးချမ်းမိုးထံ ဖုန်းဝင် လာပြန်၏။ ဖုန်းနံပါတ်ကြည့်လိုက်ရာ ဟေမာန်သီ၏ ဖုန်းဖြစ်နေသောကြောင့် ၎င်းမှာလွန်စွာမှ ဒေါသထွက် သွား၍ သောက်ခေါက်လိုက်ပြီး ဖုန်းကိုင်၍ “မင်းကြောင့် ငါ့ဘ၀အခုပျက်တော့မယ်။ ငါရဲ့မျှော်လင့်စိတ်ကူး တွေ စိတ်ကူယဉ်တွေ အားလုံးပျက်စီးတော့မယ် မင်းပြန်ရှင်းပေးဟုပြောကာ ဖုန်းချသွားလေ၏။ ဟေမာန်သီမှာတော့ တစ်ဦးထဲပင် မျက်ရည်များနှင့် ကျန်ရစ်ခဲ့လေ၏။ ဟိုအရင်တချိန်မှာ အေးချမ်းမိုး Internet မသုံးတက်၍ သင်ပေးခဲ့စဉ်က အေးချမ်းမိုးနှင့်အတူ ပျှော်ရွှင်ကြည်နူးခဲ့ပုံတွေ၊ လွန်စွာမှကြင်နာ လွန်းလှတဲ့၊ သာယာလွန်းလှတဲ့ ချစ်သူရဲ့စကားသံတွေ၊ ချစ်သူရဲ့ဂရုစိုက်မှုတွေကို ပြန်လည်၍ တွေးရင်း ကျန်ရစ်ခဲ့လေတော့၏။ အေးချမ်းမိုး ကားမောင်းရင်းနှင့် ကျော်ကျော်အားဖုန်းဆက်ပြီး ရန်ကုန်ကားဂိတ်သို့ သွားစောင့်ခိုင်းလေ၏။ ထိုအချိန်မှာဘဲ LOP ၀န်ထမ်းများမှာ အချင်းချင်းဖုန်းဖြင့် ပြဿနာဖြစ်ပျက်နေပုံများ ကို အဆက်အသွယ်ရသွားကြလေ၏။ ထို့ကြောင့် မဖြစ်သင့်သည်များမဖြစ်အောင် ၎င်းတို့၏ ဆရာဝန် မလေးအား ဖြောင့်ဖြ၍ ပြန်ခေါ်ရန် ဖုန်းဆက်ကြည့်ကြ၏။ ဖုန်းပိတ်ထားသည်ကို သိကြသောအခါ အဝေး ပြေးကားဂိတ်သို့ လူကိုယ်တိုင်ပင် သွား၍ ဆရာဝန်မလေး ဒေါက်တာမေမြင့်မိုးအား ရှာဖွေကြလေ၏။ မေမြင့်မိုးမှာ မန်းရွှေပြည် ရန်ကုန်ကားလတ်မှတ်ဖြတ်ပြီး ကားပေါ်တက်မည်ပြင်နေ၏။ ဖြစ်ချင်တော့ သူမ စီးနင်းလိုက်ပါမည့်ကားမှာ ခရီးသည်တစ်ဦး လက်မှတ်ဖြတ်ပြီး ရောက်မလာ၍ ခေတ္တစောင့်နေလေ၏။ အချိန်မှာ နေ့လည် ၁၂း၀၀ တိတိရှိနေပြီဖြစ်၏။ ဤသို့နှင့်ပင် ကျော်ကျော်မှာ မန်းရွှေပြည်ကားဂိတ်သို့ ရောက်ရှိခဲ့လေ၏။ ဒေါက်တာမေမြင့်မိုးအား တွေ့လျှင် ချက်ချင်းအကျိုးအကြောင်းပြော၍ ရန်ကုန်သို့ သွားမည့်အစီစဉ်အား တားလေတော့၏။ အေးချမ်းမိုးအား ကျော်ကျော်မှာစိတ်ပူရန်မလိုတော့ကြောင်း၊ ဒေါက်တာကိုတွေ့ပြီဖြစ်ကြောင်း၊ မိမိကိုယ်တိုင် တားထားပြီးဖြစ်ကြောင်း၊ ဖုန်းဆက်ရာတွင် အေးချမ်းမိုး၏ ဖုန်းမှာ လုံးဝခေါ်၍မရတော့ပါ။ ထိုအချိန်မှာ LOP ၀န်ထမ်းများလည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို မန်းရွှေပြည်ကားဂိတ်သို့ ရောက်ရှိလာကြလေ၏။ အေးချမ်းမိုးအား ဖုန်းခေါ်၍မရတော့ကြောင်းပြော၍ အားလုံးသိကြရလျှင် အားလုံးလိုလို စိတ်ပူ၍ ဟိုဆက်သွယ်ပေး ပြုလုပ်ကြလေ၏။ တခုခုဖြစ်ပြီဆိုတာတော့ သေချာနေပြီဖြစ်၏။ မေမြင့်မိုးတစ်ယောက်မှာလည်း လွန်စွာတုန်လှုပ်သွားပြီးဘာမျှကို မစဉ်းစားတက်၊ မပြောဆိုနိုင်တော့လောက်အောင်ပင်လျှင် ကြောင်တောင်တောင်ကြီး ဖြစ်သွားလေ၏။ တခဏမှာပင် LOP ၏........... ထံမှဖုန်းတစ်ခေါက် မန်းရွှေပြည်ဂိတ်တွင် ရောက်နေသော ၀န်ထမ်းတစ်ဦးထံဝင်လာလေ၏။ အေးချမ်းမိုး ကားတိုက်မှုဖြစ်ပြီး ဆေးရုံရောက်နေပြီဟု သိရ၍အားလုံးဘဲ အပြေးအလွှားလိုက်သွားကြ လေတော့၏။ မေမြင့်မိုးတစ်ယောက်မှာတော့ ရှိုက်ကြီးတငင် ငိုကြွေး၍ အရေးပေါ်အတွင်းသို့ အပြေးအလွှား ၀င်သွားလေ၏။ ယခုလို ဆရာဝန်မလေးဒေါက်တာမေမြင့်မိုးနှင့်တကွ အေးချမ်းမိုးကို ချစ်ခင်ကြသူများ အားလုံးလို လားရှိုးဆေးရုံအရေးပေါ်သို့ သတင်းကြားကြားချင်း အလျှင်အမြန်ရောက်ရှိလာသော်လည်း အေးချမ်းမိုးကိုမူ မမြင်တွေ့ကြရတော့ပါ။ အရေးပေါ်ရှိတာဝန်ကြသူ ဆရာဝန်များအား စုံစမ်းနေသော်လည်း ဒေါက်တာမေမြင့်မိုး တစ်ယောက် အလာကောင်းပေမဲ့ အခါနှောင်းပြီဟူသော ရုပ်ရှင်ဝတ္ထုဇာတ်လမ်းများကဲ့ သို့ ဖြစ်ပြီဟုတွေးထင်ပြီး သတိလစ်လုမတက် ရှိုက်ကြီးတငင် ငိုကြွေးနေလေတော့၏။ အေးချမ်းမိုး ကားမှာ ခြံဝင်းတစ်ခု၏ နံရံနှင့် ၀င်၍တိုက်မိပြီး ရေမြောင်းအတွင်းကျသွားခဲ့ကြောင်း၊ ၎င်းဟာ methadone သောက်သုံးနေတဲ့လူနာဖြစ်၍ ထိုနေ့အဖို့ ဆေးသောက်ချိန်မှာ လွန်စွာနောက်ကြ၍ ဤသို့စိတ်မငြိမ်မသက် ဖြစ်ပြီး ကားတိုက်မှုဖြစ်သည်ဟု အရေးပေါ် မူးယစ်ဆရာဝန်ကြီးမှ ယူဆပြီး မူးယစ်ဆောင်သို့ပို့လိုက်ကြောင်း ပြောပြလေတော့၏။ အေးချမ်းမိုး၏ အင်္ကျီအားအား စစ်ဆေးကြည့်ရာတွင် methadone ကဒ်တွေ့ရ၍ ၎င်းအခြေအနေကို မူးယစ်ဆောင်နှင့် ဆက်သွယ်ပေးလိုက်ကြောင်းကိုမူ အရေးပေါ်တာဝန်ရှိသူ ဆရာမများ မှပြောပြလေတော့၏။ LOP ........ အားလည်း၎င်းတို့က ဖုန်းဆက်လိုက်ကြောင်း ပြောပြလေတော့၏။ ဤသို့နှင့်ပင် အားလုံးက ဆရာဝန်မလေးမေမြတ်မိုးအား ချော့မော့ဖြောင်းဖြ၍ မူးယစ်ဆောင် methadone သို့ခေါ်ဆောင်လာကြ၏။ methadone သောက်ပြီး ခေါင်းဒဏ်ရာမှာလည်း သိပ်မကြီး၍ သတိကောင်းစွာ ရနေသော အေးချမ်းမိုးအား တွေ့ရလေတော့၏။ မေမြင့်မိုးမှာ အေးချမ်းမိုးအနားသို့ အပြေးအလွှားဝင်သွား ပြီး ခေါင်းမှဒဏ်ရာအား မေးလေ၏။ အေးချမ်းမိုးမှာ............ “မိုးလေးရယ်..... ကိုယ့်ကိုအထင်အလွဲပါနဲ့... ကိုယ်လေ ဒီဘ၀မှာ မိုးလေးနဲ့ခွဲပြီး နေဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တာပါ ကိုယ်ဟာ ရည်ရွယ်ချက်ခံယူချက် ကြီးမားတဲ့ယောက်ျားတစ်ယောက်ပါ ဒါပေမယ့်လေ မိုးလေးကိုတော့ လုံးဝလုံးဝကို မစွန့်လွှတ်နိုင်ဘူး မိုးလေးရယ်” ကျော်ကျော်မှ “ကယ်ပါလေ ............. ဇာတ်လမ်းကလည်း ပြီးသလောက်ရှိပါပြီ မိုးလေးကို မစွန့်လွှတ်နိုင်ရင်လည်း အိမ်ရောက်မှဘဲပြောကြတော့ ဒါကဆေးရုံလေ စွန့်လွှတ်တာ မစွန့်လွှတ်တာတွေက သိပ်ပြောလို့မကောင်းဘူး” မေမြင့်မိုးဘက်သို့လှည့်၍ “ဒေါက်တာကဆရာဝန်ဆိုတော့ ဆေးရုံနဲ့ ပတ်သက် ပြီး ကောင်းကောင်းသိပြီးသားဘဲဥစ္စာ” ဟုရယ်မောပြောဆိုရင်းနှင့်ပင် ပျှော်ရွှင်စွာ methadone စင်တာမှ ထွက်ခွာလာခဲ့ကြလေတော့သတည်း.........
ဟေမာန်သီ တစ်ယောက်မှာတော့ ဒီဘ၀အဖို့ အေးချမ်းမိုးဆိုတဲ့ ယောက်က်ျားကောင်းတစ်ယောက် နဲ့လွဲခဲ့ရလေပါပြီ။ သူမတယောက်ထဲ လွမ်းဆွတ်သတိရမှုနဲ့အတူ သူမအကိုရင်းဖြစ်သူ၏ ဇနိးသည်(မရီး) လုပ်သူမှ အေးချမ်းမိုးနဲ့ ဟေမာန်သီတို့၏ ဘ၀ချစ်ချင်းအား အမျိုးမျိုးကလားပန်းထိုးပြီး ရက်စက်ရုတ်မာစွာ ခွဲခဲ့ပုံတွေကိုတွေးမိပြီး အသဲနာ၊ နာကျဉ်မိလေတော့၏။ ဘယ်လိုပဲ နာကျဉ်းနာကျဉ်းလက်ရှိအခြေအနေ မှာတော့အရာရာဟာ ပြီးသွားပြီဖြစ်၏။ လောက၌ အရာရာသည်ကား အချိန်တန်လျှင် ပြီးသွားသည်ကြီးသာ ဖြစ်၏။ တစ်ချို့ကိစ္စသည် ပျှော်ရွင်စွာပြီးသွားကြသော်လည်း တစ်ချို့သောအကြောင်းအရာတို့သည်ကား ကြေကွဲစွာနှင့် ရှုံးနိမ့်စွာပြီးဆုံးသွားကြတတ်တော့၏။ မည်သို့ပင်ဆိုစေ ဗုဒ္ဓမြတ်စွာဟောကြားအပ်တော် မူသော တရားတော်အနှစ်ချုပ်အား “အကျိုးတရားမှန်သမျှတို့သည် အကြောင်းတရားပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်” ဟူ၍သာဖြစ်၏။ ကောင်းသောအကြောင်းတရားများ ဖန်တီးခဲ့လျှင် ကောင်းသောအကျိုးတရားများရတတ်စမြဲဖြစ်သလို ဆိုးသောအကြောင်းတရားများ ဖန်တီးကြသူများလည်း ဆိုးသောအကျိုးတရားတို့ကိုသာ ခံစားကြရသည်။ ဤသည်ကား “သဘာဝ” ပင်ဖြစ်သလို “ဓမ္မ” ပင်ဖြစ် လေ၏။ လောကတွင် ပြုအပ်သော ကောင်းသောအကြောင်းတရားများတွင် စစ်မှန်သည့် ၀ိပဿနာ ဘာဝနာ တရားအားထုတ်ခြင်းမှ လွှဲ၍ “မေတ္တာ”သည် အကောင်းဆုံး အစွမ်းထက်ဆုံး တန်ဖိုးအကြီးဆုံး အကြောင်းတရားပင်ဖြစ်၏။ ထိုမေတ္တာအကြောင်းတရားအား ဖန်တီးသူတို့မှာကား လွန်စွာမှ အေးမြပြည့်စုံ သည့်အကျိုးတရားအား ပျှော်ရွှင်စွာ ခံစားကြရလေတော့၏။ ဘ၀အတိတ် ကံလွန်စွာကောင်းလှသည်ဟု ယူဆရသည်။ ဆရာဝန်မချောလေး ဒေါက်တာမေမြင့်မိုးမှာ အေးချမ်းလှသော မေတ္တာအကျိုးအား ဘ၀ဖူးစာ ရေစက်ကံပါတဲ့ ယောက်ျားပီသလှသူ ကိုအေးချမ်းကိုးနဲ့အတူ ယခုအခါတွင် ပျှော်ရွှင်ပြည့်စုံလှတဲ့ အနာဂတ် ကာလကို ဖြတ်သန်းရတော့မည်မှာ ဧကန်အမှန်သာလျှင် ဖြစ်ပါလေတော့သတည်း.....
စာကြွင်း.....နောင်တွင်ကြားသိရသည်မှာ မဟေမာန်သီဆိုသော ကောင်မလေးတစ်ဦးသည် အေးချမ်းလှသော မြတ်ဗုဒ္ဓ၏ ဇမ္မူရိပ်တွင် ယောဂီဘ၀နှင့်ပင် ပျော်သလောက် ဖြတ်သန်းသွားတော့ မည်ဟုသိရ၏။ အကယ်၍ တစ်သက်တာ မယ်သီလဘ၀နှင့် နေလိုကလည်း သီလရှင်ဝတ်သွား မည်ဟု သိရလေ တော့၏........
ဇာတ်လမ်း၊ ဇာတ်ညွှန်းနှင့်အတူ ဖန်တီးသရုပ်ဖော်သူ
အောင်ကောင်းမွန်(လားရှိုး)

9:58amမှာမတ်လ 5, 2012 တွင် aprilangel မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ayan kg tal
9:03pmမှာဖေဖော်ဝါရီလ 29, 2012 တွင် aung kung mon မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ကျေးဇူးတင်ပါသည်။
4:46pmမှာဖေဖော်ဝါရီလ 29, 2012 တွင် pannsagar မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ကောင်းလိုက်တာ
အိပ်ချင်စရာ...
1:37pmမှာဖေဖော်ဝါရီလ 29, 2012 တွင် hninsu မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ကောင်းပါတယ်
8:45pmမှာဖေဖော်ဝါရီလ 28, 2012 တွင် ဇော်လင်းထွန်း မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ကောင်းလိုက်တာ...

အားပေးတယ်နော့်..
7:44pmမှာဖေဖော်ဝါရီလ 28, 2012 တွင် တိုးဇာနည်အောင် မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
အာာာာာာာာာားးးးးးးးးးး ကောင်းလိုက်တာဗျာ  နောက်လည်းတင်ပေးနော်
12:11amမှာဖေဖော်ဝါရီလ 28, 2012 တွင် sawaelnaung မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
သိပ်ကောင်းတယ်.......
11:55pmမှာဖေဖော်ဝါရီလ 27, 2012 တွင် Minister, Dr.HSAR LAR SAY မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
cool!
11:30pmမှာဖေဖော်ဝါရီလ 27, 2012 တွင် ထိုက်ထိုက် မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ဇာတ်လမ်းကကောင်းတယ်နော်။တကယ်ဖြစ်နေသလိုပဲ။နောက်လည်းတင်ပေးနော်အားပေးမယ်။
10:05pmမှာဖေဖော်ဝါရီလ 27, 2012 တွင် ထွန်းထွန်းဝင်း မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
ကျွန်တော်လည်း သူငယ်ချင်းလေး ပါပီလေး ပြောသွားတဲ့အတိုင်းပါပဲဂျာ......အားပေးသွားပါတယ်ဂျာ....

9:44pmမှာဖေဖော်ဝါရီလ 27, 2012 တွင် လူဆိုးမလေး ( ပါပီလေး ) မှရေးခဲ့သောမှတ်ချက်
မှတ်ချက်ဖျက်မယ်
တော်တော်လေး ကို အရေးအသား ကောင်းတယ် ဂျာ........
ပါပီလေး တောင် ဇတ်လမ်း ထဲမျော သွားတယ်..........
အားပေးသွားပါတယ် ဂျာ......မေတ္တာ တရား ပေါ့ ...........
http://www.fusarshinlay.com/profiles/blogs/2012-velentine-s-day

No comments:

Post a Comment