တနေ့သ၌ ကျွန်ုပ်နေထိုင်ရာ လားရှိုးမြို့စွန်၊
ရန်တိုင်းအောင်ဘုရားအနီး၊ရွှေလီရတနာရပ်ရှိနေအိမ်သို့ အသက်(၅၀)ခန့် ရှိသော
အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလို့လာလေ၏။ ၄င်းအမျိုးသမီးကြီး၏ အမည်မှာ
ဒေါ်အုန်းမြင့်ဟူ၍ဖြစ်ပြီးကျွန်ုပ်ငယ်စဉ်နေထိုင်ခဲ့ဖူးသောရပ်ကွက်အတွင်းတွင်
ရင်းနှီးခင်မင်စွာ အိမ်နီးနားခြင်းနေခဲ့ဖူးသူဖြစ်၏။ ကျွန်ုပ်ထံသို့
မကြာခဏ အလည်အပတ်လာတတ်သလို အေးဆေးစွာ စကားစမြည်ပြောပြီး နေ့လည်စာ
စားပြီးမှပြန်တတ်လေ၏။
ထို့ကြောင့်ပင် ကျွန်ုပ်မှာလည်း နေ့လည်စာအတွက်
ပြုလုပ်စီမံရလေတော့၏။
ဂျုံနု(၇၅)ကျပ်သားအား ဆားသင့်တော်ရုံထည့်၍ ရေအနည်း ငယ်ထည့်ကာ
ပလာတာမုန့်များပြုလုပ်ရာတွင် ဂျုံလုံးသကဲ့သို့ လုံးရလေ၏။ (၁၀)မိနစ်ခန့်
နှံ့နေအောင် ဂျုံအားထိုးပြီးလျှင် ရေစိုအဝတ်နှင့် မိနစ်(၂၀)ခန့်
အုပ်၍ထားရ၏။ ပြီးလျှင် ၄င်းဂျုံလုံးအား ဇလုံတစ်ခုတွင်းတွင်
ရေတစ်နာရီခွဲခန့် စိမ်ထား လိုက်၏။ ဆက်လက်၍ ပဲပြားခြောက်များအား ဆီပူတွင်