မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးသည်
ယခင်
သူမ
ပြည်ပထွက်ခွါစဉ်အချိန်ကာလနှင့်ယှဉ်လျှင် သိသာစွာ ကိုပင်
ပြောင်းလဲသစ်လွင်နေသည်ကို
သူမတစ်ယောက် သတိထားမိသည့်အလျှောက်ပင် နောက်ဆက်တွဲအတွေးစတို့သည်
မည်သို့ဝင်လို့လာသည်ပင်
သတိမထားမိလောက်အောင်သူမ၏ အသိအာရုံတို့အား ဖုံးလွှမ်းသွားလေတော့၏။
“သြော်
. . . အခုလို ကိုယ့်ပြည်ကိုယ့်မြေကို ပြန်ရောက်ရောက်ခြင်း ချစ်ခင်မြတ်နိုးရသူတို့၏
ထွေးပွေ့နွေးထွေးစွာ ကြိုဆိုခြင်းခံချင်မိတာက ပုထုဇဉ် ဤလူ့ဘောင် လူသားမှန်သမျှ၏ သဘာဝတစ်ခုပါလေ
. . . ကိုလတ်တစ်ယောက်သာ အခုလိုအချိန်မှာ ပြည်ပဧည့်ကြိုသူတွေကြားထဲက
ဘွားကနဲပေါ်လာမလားလို့ US တွင် ထပ်ဆင့်ဆေးပညာသွားရောက် သင်ကြားပြီးနောက် မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ပြန်လည်ရောက်ရှိသူ သစ္စာမောင် တစ်ယောက် ရင်တွင်းတွင်
မျှော်လင့်နေမိလေ၏။ ထိုစဉ်မှာပင် သူမမိခင်ဖြစ်သူနှင့် တစ်ဦးတည်းသော မောင်လေးဖြစ်သူတို့မှာ
သစ္စာမောင်အား လှမ်း၍ မြင်လိုက်သည်နှင့်အမျှ “မမသစ္စာ”ဟုခေါ်၍ပင် လက်စွဲသားရေအိတ်လေးကိုင်ဆောင်ထားသော
သစ္စာမောင်၏လက်ကို ဖမ်းဆွဲ လိုက်သော မောင်လေးဖြစ်သူ
ကျော်စွာမောင်မှ
အားရ၀မ်းသာစွာ ကြိုဆိုမှုပြုသလို ချစ်လွန်းလှသူ မိခင်ဖြစ်သူအား သိုင်းဖက်၍ပင် “မေမေရေ . . . မေမေက အလုပ်တွေကို ပင်ပင်ပန်းပန်းမလုပ်ပါနဲ့လို့
သမီးအမြဲလှမ်းပြောနေတာကို နားမထောင်ဘူး ထင်တယ် . . . အခုမေမေ့ကို ကြည့်ရတာ အရင်ထက်စာရင်
ကိုယ်ရေစစ်သွားတယ် . . . ” မောင်လေးဖြစ်သူ ကျော်စွာမောင်မှ “ မမက မေမေကိုဘဲပြောနေတာ
. . . မောင်မောင်ကိုလည်း ကြည့်ပါဦး . . .မောင်
မောင်ရော ဝလာလား . . . ပိန်သွားလား . . . အသားတွေဖြူလာလား . . . ” ဆိုတာကိုဟုပင်
တစ်ဦးတည်းသော မောင်လေးဖြစ်သူမှာ ချစ်စနိုးချွဲနွဲ့မှုအား
မြင်တွေ့လျှင် သစ္စာမောင်တစ်ယောက် “မောင်မောင်ကို အမြဲ VZO မှာတွေ့နေရတော့ မမက မြင်နေကျ . . .
ဖြစ်နေလို့ပါ . . . မောင်မောင် ရယ် . . . မမ . . . မောင်လေးအတွက် . . . မမ သူငယ်ချင်းတွေက
နိုင်ငံခြားမှာ မမကိုလာပြီး ယောက်မတော် ဆွေမျိုးစပ် နေကြတဲ့သူတွေ အများကြီးဘဲ . .
. ငါ့မောင်ရဲ့ . . . မမ မောင်လေးက အသားတွေကျစ်ပြီး . . . တကဲ့ကို ထွားထွားကြိုင်းကြိုင်းကြီးကိုဖြစ်နေပြီ
. . . ရည်းစားတွေရော မြန်မာပြည်မှာ မမမရှိတုန်း ဘယ်နှယောက်ထားပြီးပြီလည်း . . . ပြော”ဟု
အစ်မဖြစ်သူတို့၏ ထုံးစံအတိုင်း ရောက်ရောက်ချင်းပင် စတင်ပြီး ရည်းစားစာရင်းမေးနေခြင်းကို
ကျော်စွာမောင် တစ်ယောက်မှာတော့ မည်သို့မျှပင်ပြန်မဖြေဘဲ
ပြံးဖြီးဖြီးမျှသာ လုပ်နေလေတော့၏။
ဤသို့ပြောဆိုရင်း
လျှောက်လာခဲ့ရာ ကားပါကင်သို့ပင် ရောက်ရှိလာပြီး သစ္စာမောင်၏
ခရီးဆောင်ပစ္စည်းများ ပို့ဆောင်ပေးသူ ကားပေါ်သို့ အသင့်တင်ပေးထားသော ပစ္စည်းစာရင်းများအား
စစ်ဆေးပြီး ပြည့်စုံပြီဖြစ်သောကြောင့် US တွင် ထပ်ဆင့်ဆေးပညာသွားရောက်သင်ကြားပြီးစီးပြီး
မြန်မာပြည်သို့ ပြန်လည်ထွက်ခွါလာသူ ဒေါက်တာ